trsKd;om;'Drkdua&pDtzGJ@csKyf (vGwfajrmufe,fajr) *syefXmecGJ

Top Page
,ae@owif;
N.L.D(LA)KOREA
BRANCH
NCGUB
CONTACT US
NCUB
ဒေါ်အောင်ဆန်းစုကြည် ၏ ၆၄နှစ် မြောက်မွေးနေ့ ဂုဏ်ပြုပွဲနှင့်
လွတ်မြောက်ရေး တောင်းဆိုပွဲ ဆက်

၂၀၀၉-၆-၁၉
ယနေ့ တိုကျိုမြို့ ရှိဘူယမြို့နယ် ကုလသမဂ္ဂ ရုံး ရှေ့ တွင်လည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲနှင့် လွတ်မြောက်ရေးတောင်းဆိုပွဲကို ဆက်လက် ကျင်းပခဲ့ပါသည်။
နအဖ အခွန်ရုံးရှေ့ပွဲမှနေ ၍ ဆက်လက် ပါဝင်ပူးပေါင်းလာသူ များလည်းရှိခဲ့ရာ လူအင်အား ပို များလာပါ သည်။၈ျပန်နိုင်ငံ သတင်းဌာန အချို့ အပြင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများကိုစေတနာ့ဝန်ထမ်းကူညီနေသောဂျပန် လူမှုဝန်ထမ်းအဖွဲ့များပါ အားဖြည့်ပါဝင်လါခဲ့ ကြပါသည်။ညနေ၅နာရီ တွင် အခန်းအနားစတင်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာ သံဃာတော် ၅ပါး က သီလယူတရားနာစေပြီး ဒေါ်အောင်ဆန်းစုကြည် အတွက် ဆုတောင်းပေးခဲ့ ကြပါသည်။
ဆက်လက်၍ ခရစ်ယာန်ဘာသာ ကိုယ်စားလှယ်၊အစ္စလာမ်ဘာသာကိုယ်စားလှယ် တို့ က လည်းဆုတောင်းမေတ္တာပို့ပေးခဲ့ကြပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲအတွင်းရေးမှုး ဦးသောင်းမြင့် ဦးမှလည်း ဂျပန်လွတ်တော်မှ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပေးအပ်ခဲ့ သောဆုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒီမိုကရေစီအဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များနှင့်ဂျပန်လူမှုဝန်ထမ်းအဖွဲ့မှ ကိုယ်စားလုယ်တို့ကလည်းဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဒီမိုကရေစီရရှိရေးတို့အတွက်မိမိတို့ အဖွဲ့များကိုယ်စား ပြောကြား ခဲ့ကြပါသည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရည်ရွယ်၍ လှောင်အိမ် ထဲမှ ငှက်များလွှတ်ပေးခြင်းကိုလည်းပြုလုပ်ခဲ့ပါသည်။ကဗျာရွတ်ဆိုခြင်း၊မိုးသောက်ကြယ်အဖွဲ့နှင့်အခြားအဖွဲ့ဝင်များပူးပေါင်းသီဆိုသော FREEDDOMသီချင်းတို့ ဖြင့် လည်း ဆန္ဒ ပြုဆုတောင်ပေးခဲ့ကြပါသည်။
ညနေ ၆နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ကြွေးကျော်သံများရွတ်ဆို၍ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
သတင်း ဓါတ်ပုံ စိုးအောင်ဝင် ဗီဒီယို မျိုးဆော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ သတင်းနှင့်ပြန်ကြားရေး
မြန်မာပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီအရေးနှင့် လူ့ အခွင့်အရေးတိုက်ပွဲဝင်နေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၁၉.၆.၂၀၀၉) နေ တွင်ကျရောက်မည့် (၆၄)နှစ်
မြောက် မွေးနေ့ ပွဲအခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ


မြန်မာ ပြည်သူတွေ အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီအရေးနှင့်လူ့  အခွင့်အရေး
တိုက် ပွဲဝင်နေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၁၉.၆.၂၀၀၉) နေ့ တွင် ကျရောက်မည့် (၆၄)နှစ်
မြောက် မွေးနေ့ ပွဲအခမ်းအနားကို ယနေ့  (၁၄.၆.၂၀၀၉) ရက်နေ့  ညနေ ( ၆း၀၀) မှ ( ၉း၀၀) နာရီတွင် ဂျပန်နိုင်ငံ
တိုကျိုမြို့ ၊ မိနားမိ အိုစုခ ခမ်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှအောင်မြင်
စွာ ဦးဆောင်ကျင်းပခဲ့သည်။အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီဆာင်ရွက်ပေးနေသောဂျပန်လွှတ်တော် အမတ်များ သမဂ္ဂအတွင်းရေးမှူးဝန်ကြီးMr,SUEMATSU YOSHINORI,မတက်ရောက်နိုင်ပေမဲ့ လည်းဒေါ်အောင်ဆန်း
စုကြည် ၏ မွေးနေ့  သ၀ဏ်လွှာ အားပေးပို့ ခြင်းကို လူမှုရေးရာမှူး ဒေါ် ကေသီသိန်းမှဖတ်ကြားခြင်း၊အလုပ်သမား
သမဂ္ဂများအဖွဲ့ ချုပ် (RINGO)မှညွန်ကြားရေးမှူး Mr,MASAYUKI SHIOTA SAN, တိုကျိုမြူနီစပါယ် တိုင်းလွှတ်တော်
အမတ် ဟောင်း တချိန်ကဒေါ်အောင်ဆန်းစုကြည်နှင့် တကြိမ်မကတွေ့ ဆုံခဲ့သူ ယခုလက်ရှိလည်းမြန်မာ့ဒီမိုကရေစီအ
ရေးကို ပန့် ပိုးဆဲ Mr, WADA MUNEHARAဗမာ့ရေးရာ ပြည်သူ့ အဖွဲ့  Mr,HISAO TANABE (ဦးရွှေဘ)၊မြန်မာအမျိုး
သမီးများသမဂ္ဂ (BWU)ဂျပန် တာဝန်ခံ ဒေါ်ချိုချိုအေးတို့ မှတက်ရောက်၍ အသီးသီး လက်ရှိမြန်မာနိုငံတွင် နအဖ၏ မတရားလူမဆန်သောလုပ် ရပ်များ အမြန်ဆုံး အဆုံးသတ် သည့် နေ့ အထိမိမိ တိုအား ပြည်ဝင်ခွင့်တောင် မပေးသော နအဖ ပြုတ်ကျ၍ ပြည်ဝင်ခွင့်ရမည့် အချိန်အထိ မြန်မာနိုင်ငံသူနိုင်ငံသားမျာနှင့်တကွ ပူးပေါင်းဆောင်ရွက်၍ဒေါ်အောင်
ဆန်းစုကြည်၊နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်မြောက်ရန် ဤဒေါ်အောင်ဆန်းစုကြည်မွေးနေ့ တွင် နှစ်စဉ်နှစ်
တိုင်းပြုလုပ်မြဲဖြစ်သော မွေးနေ့ ကိတ်ခွဲခြင်းကိုမလုပ်ပဲမြန်မာတို့ ၏ထုံးလမ်းစဉ်လာကိုလက် ကိုင်ပြု၍လှောင်ခြိင့်တွင်းမှ
ငှက် ငယ်(၇) ကောင်အား အချုပ်အနှောင်ဘ၀မှလွှတ်ပေးခြင်း ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိ
အား အမျိုးသမီးရေးရာမှူးဒေါ်ခင်ခင်စိုးမှ ဖတ်ကြားခြင်းဒေါ်အောင်ဆန်းစုကြည် အားဂုဏ်ပြုသော အားဖြင့် အဟာရ
စာဆောင်မှ ဦးသက်လင်းမှ ဂုဏ်ပြုကဗျာများရွတ်ဖတ်ခြင်း၊ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေးလှုပ်ရှားမှုများဆလိုက် ထိုးပြသခြင်း ဦးဇော်ဇော်လှိုင်မှတာဝန်ယူဆောင်ရွက်ခြင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်
ဌာနခွဲ မှအဖွဲ့ သူအဖွဲ့ သားများနှင့်တက်ရောက်လာကြသော တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးနှင့် ပူးပေါင်း၍ သစ္စ၀ါဒီ သီချင်းဖြင့်၎င်း၊ မိုးသောက်ကြယ်အဖွဲ့ သားများနှင့် FREE DAW AUNG SAN SUU KYI သီးချင်းဖြင့်၎င်း၊သံပြိုင်သီဆို၍ အပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဥက္ကဌ ဦးသန့် ဇင်ဦးမှ အပိတ် အမှာစကားပြောကြား၍တက်ရောက်လာသူများအားကျေးဇူးတင်အမှာစကားပြောကြားခြင်း၊အတွင်းရေးမှူးဦး
သောင်းမြင့်ဦး မှဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် ``ကျန်းမာပါစေ၊ချမ်းသာပါစေ၊သက်တော် ရာကျော်ရှည်ပါစေ​ ဟု တက်ရောက်လာသော ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ အဖွဲ့ အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်းလူဦးရေ ၈၀၀ ခန့် တက်ရောက်ခဲ့ ပြီးကြွေးကြော်သံများဖြင့် အောင်မြင်စွာပြီးဆုံးခဲ့သည်။
သတင်းဓါတ်ပုံ ဗီဒီယို သာနိုးထွန်း၊စိုးအောင်ဝင်း၊မျိုးဆော့ သတင်းနှင့်ပြန်ကြားရေး
スライドショーのプレビュー